သင်းအုပ်အမှုတော်ဆောင်ခြင်းသည် ရိုးရိုးခေါ်ယူခြင်း သို့မဟုတ် အလုပ်အကိုင်တစ်ခု မဟုတ်ဘဲ ဘုရားသခင် ပေးအပ်ထားသော မြင့်မြတ်သည့် ဝိညာဉ်ရေးရာ တာဝန်ဖြစ်ပါသည်။ Derek Prime နှင့် Alistair Begg တို့၏ On Being a Pastor: Understanding Our Calling and Work စာအုပ်ပါ စာမျက်နှာ ၄၈-၉၉ တွင် သင်းအုပ်ဆရာတစ်ဦး၏ ဝိညာဉ်ရေးရာ ပန်းတိုင်များ၊ အမှုတော်ဆောင်ရာတွင် ထားရှိရမည့် စနစ်ကျသော ဦးစားပေးချက်များကို အသေးစိတ် ဖော်ပြထားပါသည်။ အသင်းတော်ကို မှန်ကန်စွာ လမ်းပြရန်နှင့် ဘုရားသခင်၏ အလိုတော်အတိုင်း အမှုဆောင်နိုင်ရန်အတွက် သင်းအုပ်ဆရာ တစ်ဦး ဦးစားပေး လုပ်ဆောင်ရမည့် အဓိက အချက် (၇) ချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည် –
သင်းအုပ်ဆရာတစ်ဦး၏ ပန်းတိုင်များနှင့် ဦးစားပေးရမည့်အချက်များ
(က) ဘုရားသခင်၏ အလိုတော်တစ်ခုလုံးအား ဟောပြောကြေငြာခြင်း
- နှုတ်ကပတ်တော်၏ ဘက်စုံပြည့်စုံမှု (Proclaiming the Whole Counsel of God) သင်းအုပ်ဆရာတစ်ဦးသည် မိမိနှစ်သက်သော သို့မဟုတ် ပရိသတ်ကြိုက်နှစ်သက်မည့် အ ကြောင်းအရာများကိုသာ ရွေးချယ်ဟောပြောခြင်းမပြုရပါ။ တမန်တော်ဝတ္ထု ၂၀:၂၇ “ဘုရား သခင်၏အလိုတော်ကိုသင်တို့အား အကုန်အစင် ဟောပြောပြသခြင်းအမှုကို ငါသည် မလွှဲမ ရှောင်ဘဲပြုခဲ့ပြီ။” တွင် တမန်တော်ပေါလု ဖော်ပြသကဲ့သို့ ဘုရားသခင်၏ အလိုတော်နှင့် ပြည့်စုံ သော သမ္မာတရား တစ်ခုလုံးကို ရဲရင့်စွာ ဟောပြောရမည် ဖြစ်သည်။
- ကျမ်းစာအုပ်လိုက် စနစ်တကျ ဟောပြောခြင်း (Expository Preaching): အဓိပ္ပာယ်ဖော် ဟောပြောခြင်းနည်းလမ်းဖြင့် ကျမ်းစာစကားလုံးများ၊ အကြောင်းအရာများကို မချန်လှပ်ဘဲ အစဉ်လိုက် ဟောပြောခြင်းသည် အသင်းတော်အား ဘုရားသခင်၏ အလိုတော်တစ်ခုလုံးကို သေချာစွာ နားလည်စေပြီး သမ္မာတရားတွင် ခိုင်မာစေသည်။
(ခ) ခရစ်တော်ထဲ၌ လူတိုင်း ပြီးပြည့်စုံမှုရှိစေရန် ဆောင်ရွက်ခြင်း
- ဝိညာဉ်ရေးရာ ရင့်ကျက်မှု (Presenting Everyone Mature in Christ): ကောလောသဲ ၁:၂၈ “ခရစ်တော်အားဖြင့် လူတိုင်းစုံလင်ခြင်းသို့ ရောက်၍ လူခပ်သိမ်းတို့ကို ဆက်သအံ့သောငှါ၊ ငါတို့သည် လူခပ်သိမ်းတို့ကို သတိပေး၍ ပညာအမျိုးမျိုးနှင့် ဆုံးမသွန်သင်လျက် ခရစ်တော်၏ တရားကို ဟောပြောကြ၏။”ကို အခြေခံ၍ သင်းအုပ်ဆရာ၏ ပန်းတိုင်မှာ လူများကို ခရစ်တော် ထံ ပို့ဆောင်ရုံမျှမကဘဲ၊ ခရစ်တော်၌ ဝိညာဉ်ရေးရာ ရင့်ကျက်ပြည့်စုံသူများ ဖြစ်လာသည်အထိ မမောနိုင်မပန်းနိုင် သွန် သင်၊ သတိပေး၊ လမ်းပြရန် ဖြစ်သည်။
- တစ်ဦးချင်းစီအလိုက် ဂရုစိုက်ခြင်း: အသင်းတော်ဝင် လူတိုင်းသည်အသက်အရွယ်၊ ဝိညာဉ်ရေး အဆင့်အတန်း မတူညီကြသဖြင့်တစ်ဦးချင်းစီ၏ လိုအပ်ချက်များအတိုင်း ခရစ်တော်၏ ပုံသဏ္ဌာန်တော်သို့ တိုးတက်လာစေရန် စိတ်ရှည်စွာ ပုံသွင်းပေးရမည် ဖြစ်သည်။
(ဂ) အမှုတော်လုပ်ငန်းအတွက် ဘုရားသခင်၏လူများအား ကြိုတင်ပြင်ဆင်ထားရှိစေခြင်း
- အသင်းတော်ကို စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း (Equipping the Saints): ဧဖက် ၄:၁၁-၁၂ “ခရစ်တော်၏ကိုယ်တော်ကိုတည်ဆောက်၍ ဓမ္မဆရာ၏အမှုကို ပြုတတ်မည်အကြောင်း၊ သန့်ရှင်းသူတို့ကို ပြင်ဆင်ခြင်းအလိုငှါ၊ ထိုသခင်သည် လူအချို့တို့ကို တမန်တော်အရာ၌၎င်း၊ အချို့ကို ပရောဖက်အရာ၌၎င်း၊ အချို့ကို သာသနာပြုအရာ၌၎င်း၊ အချို့တို့ကို သင်းအုပ်ဆရာ၊ ဆရာအရာ၌၎င်း၊ ခန့်ထားတော်မူ၏။ “အရ သင်းအုပ်ဆရာသည် အမှုတော်လုပ်ငန်း အားလုံးကို တစ်ဦးတည်း ထမ်းဆောင်ရ မည်မဟုတ်ဘဲ အသင်းတော်ဝင်များ (ဘုရားသခင်၏လူများ) ကို သာသနာပြုနှင့် အမှုတော်လုပ် ငန်းများ ဆောင်ရွက်နိုင်ရန် လေ့ကျင့်ပေးသူ၊ ပြင်ဆင်ပေးသူ ဖြစ်ရမည်။
- ဆုကျေးဇူးများကို ဖော်ထုတ်ပေးခြင်း: ယုံကြည်သူတိုင်းတွင် ရရှိထားသော ဝိညာဉ်ရေးရာ ဆုကျေးဇူးများကို ရှာဖွေဖော်ထုတ်ပေးပြီး အသင်းတော်နှင့် ဘုရားသခင်၏ နိုင်ငံတော်တည် ဆောက်ရေးတွင် ထိရောက်စွာ အသုံးပြုနိုင်ရန် လမ်းပြပေးရမည်။
(ဃ) ဘုရားသခင်၏လူများအား လူကိုမျှားသော တံငါသည်များအဖြစ် မွေးထုတ်ပေးခြင်း
- ဧဝံဂေလိလုပ်ငန်း၌ ပါဝင်စေခြင်း (Training Fishers of Men)- ခရစ်တော်၏ ခေါ်ဖိတ် ချက်အတိုင်း ယုံကြည်သူတိုင်းသည် သတင်းကောင်းဝေငှသူများ ဖြစ်လာရန်လိုအပ်သည်။ သင်း အုပ်ဆရာသည် မိမိကိုယ်တိုင် ဧဝံဂေလိဝေငှခြင်း၌ ပုံသက်သေပြရုံမျှမက၊ အသင်း တော် ဝင်များပါ မယုံကြည်သူများထံ သတင်းကောင်း ဝေငှတတ်စေရန် လေ့ကျင့် သင်ကြားပေးရ မည်။
- ဧဝံဂေလိအမြင် စွဲမြဲစေခြင်း- အသင်းတော်သည် မိမိတို့ အသိုက်အဝန်းအတွင်း၌သာ စုဝေးနေ ခြင်းမဟုတ်ဘဲ၊ ပျောက်သောသူများကို ရှာဖွေရေးအတွက် အစဉ်မပြတ်နိုးကြားသော ဧဝံဂေလိ စိတ်ဓာတ် ရှိနေစေရန် မွေးထုတ်ပေးရမည်။
(င) ဘုရားသခင်၏သိုးစုတော်နှင့် မိမိကိုယ်ကို ဂရုစိုက်စောင့်ရှောက်ခြင်း
- မိမိကိုယ်ကိုဦးစွာစောင့်ရှောက်ခြင်း (Pay Careful Attention to Your selves) တမန်တော်ဝတ္ထု ၂၀:၂၈ အတိုင်း သင်းအုပ် ဆရာသည် အခြားသူများကို မစောင့်ရှောက်မီ မိမိ၏ ဝိညာဉ်ရေး၊ စာရိတ္တ၊ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ဦးစွာစောင့်ရှောက်ရမည်။ မိမိကိုယ်တိုင် လဲကျပါကသိုးစုကို လည်း အန္တရာယ်ဖြစ်စေနိုင်သည်။
- သိုးစုကို စောင့်ရှောက်ခြင်း (Protecting and Feeding the Flock): ဘုရားသခင် အပ်နှံ ထားသော အသင်းတော် (သိုးစု) ကို မိစ္ဆာဒိဋ္ဌိ သွန်သင်ချက်များမှ ကာကွယ်ပေးခြင်း၊ ဝိညာဉ်စာ အစဉ်အမြဲ ကျွေးမွေးခြင်းနှင့် မေတ္တာဖြင့် သိုးထိန်းသဖွယ် စောင့်ရှောက်ကြည့်ရှုရမည်။
(စ) ဆုတောင်းချက်အား ဦးစားပေးစေခြင်း
- အမှုတော်၏ အဓိကမောင်းနှင်အား (Prioritizing Prayer): တမန်တော်ဝတ္ထု ၆:၄ တွင် ဖော်ပြ ထားသကဲ့သို့ သင်းအုပ်ဆရာ၏ အဓိကတာဝန်ကြီးနှစ်ခုမှာ “ဆုတောင်းခြင်း” နှင့် “နှုတ်ကပတ် တော် အမှုဆောင်ခြင်း” ဖြစ်သည်။ ဆုတောင်းခြင်းမရှိဘဲ ဆောင်ရွက်သော အမှုတော်သည် ဝိညာဉ်ရေးရာ အသီးပွင့် မသီးနိုင်ပါ။
- သိုးစုအတွက် အစဉ်မပြတ် ဆုတောင်းပေးခြင်း: အသင်းတော်၏ လိုအပ်ချက်များ၊ ဝိညာဉ်ရေး တိုက်ပွဲများနှင့် တစ်ဦးချင်းစီ၏ အခြေအနေများအတွက် ဘုရားသခင်ထံ အစဉ်မပြတ် ကြား ဝင်ဆုတောင်းပေးသည့် တာဝန်ကို ဦးစားပေး လုပ်ဆောင်ရမည်။
(ဆ) နေ့စဉ် ဘုရားသခင်နှင့်အတူ မိတ်သဟာယဖွဲ့မှုအား ဦးစားပေးတတ်ခြင်း
- ကိုယ်ရေးကိုယ်တာ မိတ်သဟာယ (Personal Devotion): တရားဟောရန် သို့မဟုတ် သွန် သင်ရန်အတွက်သာ ကျမ်းစာဖတ်ခြင်း၊ ဆုတောင်းခြင်း မဟုတ်ဘဲ၊ သင်းအုပ်ဆရာ မိမိကိုယ် တိုင်ဘုရားသခင်ကို ချစ်မြတ်နိုးသည့် စိတ်ဖြင့် နေ့စဉ် သီးသန့်အချိန်ယူကာ မိတ်သဟာယဖွဲ့ရန် လိုအပ်သည်။
- အသက်စမ်းရေ၏ ပင်မစိမ့်စမ်း: ဘုရားသခင်နှင့် နီးကပ်စွာ မိတ်သဟာယဖွဲ့ခြင်းမှ ရရှိလာသော ဝိညာဉ်ရေးရာ ခွန်အားနှင့် ပြည့်စုံမှုသည်သာ အမှုတော်လုပ်ငန်းတစ်ခုလုံးကို ရေရှည်တည်တံ့ စေပြီး ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေသော သင်းအုပ်အမှုတော်ဆောင်တစ်ဦးဖြစ် လာစေမည် ဖြစ်သည်။
သင်းအုပ်ဆရာတစ်ဦးအနေဖြင့် ဆင်ခြင်သုံးသပ်ရန် မေးခွန်းများ (Reflection Questions as a Pastor)
၁။ နှုတ်ကပတ်တော် ဟောပြောခြင်းနှင့် ပတ်သက်၍ –
မိမိနှစ်သက်သော သို့မဟုတ် ပရိသတ်နှစ်သက်မည့် အကြောင်းအရာများကိုသာ အကြိမ်ကြိမ် ဟော ပြောမိနေပါသလား၊ သို့မဟုတ် ဘုရားသခင်၏ အလိုတော်တစ်ခုလုံးကို ကျမ်းစာအုပ်လိုက် စနစ်တကျ ခွန်းအားပေး ဟောပြောနေပါသလား။
၂။ အသင်းတော်အား ပြင်ဆင်ပေးခြင်းနှင့် ပတ်သက်၍ –
အမှုတော်လုပ်ငန်း အားလုံးကို မိမိတစ်ဦးတည်းသာ ထမ်းဆောင်နေပါသလား၊ သို့မဟုတ် အသင်းတော် ရှိအသင်းသားများဝိညာဉ်ရေးရာ ရင့်ကျက်လာပြီး အမှုတော်ဆောင်နိုင်ရန် စနစ်တကျသင်ကြားလေ့ ကျင့်ပေး နေပါသလား။
၃။ ဧဝံဂေလိလုပ်ငန်းနှင့် ပတ်သက်၍ –
မိမိ၏ အသင်းတော်သည် အတွင်းပိုင်း အခမ်းအနားများ၌သာ မွေ့လျော်နေပါသလား၊ သို့မဟုတ်ပျောက် သောသူများကို ရှာဖွေဝေငှသည့် “လူကိုမျှားသော တံငါသည်များ” အဖြစ်အသင်းသား များကိုထိ ရောက်စွာ မွေးထုတ်ပေးနေပါသလား။
၄။ မိမိကိုယ်ကို စောင့်ရှောက်ခြင်းနှင့် ပတ်သက်၍ –
အသင်းတော်လုပ်ငန်းများ၏ အလုပ်နှင့်တာဝန်များဒဏ်ကြောင့် မိမိ၏ ကိုယ်ရေးကိုယ်တာ ဝိညာဉ် ရေးရာအသက်တာ၊ အိမ်ထောင်ရေးနှင့် ကျန်းမာရေးတို့ ထိခိုက်ယိမ်းယိုင်နေပါသလား။ မိမိကိုယ်ကို ပထမဦးစွာ သတိထား စောင့်ရှောက်နေပါသလား။
၅။ ဝိညာဉ်ရေးရာ ဦးစားပေးချက်နှင့် ပတ်သက်၍ –
အစီအစဉ်များနှင့် အလုပ်ရှုပ်မှုများကြောင့် ဘုရားသခင်နှင့် နေ့စဉ် သီးသန့် မိတ်သဟာယဖွဲ့ခြင်း၊ ဆု တောင်းခြင်းအချိန်များကို လျှော့ချမိနေပါသလား။
နိဂုံး
သင်းအုပ်ဆရာတစ်ဦး၏ အောင်မြင်မှုသည် လူဦးရေအတိုင်းအတာ သို့မဟုတ် အဆောက်အဦး မက အပြင်အဆင်ပေါ်တွင်မမူတည်ဘဲ၊ ဘုရားသခင်၏ ခေါ်ခြင်းနှင့် အလိုတော်အတိုင်း မည်မျှ သစ္စာရှိစွာ လျှောက်လှမ်းသည်ဆိုသည့် အချက်ပေါ်တွင်သာ တည်ရှိပါသည်။ Derek Prime နှင့် Alistair Begg တို့ထောက်ပြထားသော ဤအချက် (၇) ချက်သည် သင်းအုပ်အမှုတော် ဆောင်များအတွက် မှန်ကန် သောလမ်းပြမြေပုံတစ်ခုဖြစ်ပါသည်။ မိမိ၏ ကိုယ်ရေးကိုယ်တာ ဝိညာဉ်ရေးရာအသက်တာကိုရှေ့တန်း မှ ဦးစားပေးလျက်၊ နှုတ်ကပတ်တော် သမ္မာတရားနှင့် ဆုတောင်းခြင်း၌ ခိုင်မာ စွာ ရပ်တည်ကာ၊ အသင်း တော်အား ခရစ်တော်၏ ပုံသဏ္ဌာန်အတိုင်း ပြင်ဆင်ပေးခြင်းဖြင့် ဘုရားသခင် ၏ ဘုန်းတော်ကို ထင်ရှား စေသော သိုးထိန်းကောင်းများ ဖြစ်ကြပါစေ။